Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document
Society of Jesus (Jesuits) SJ

#TheSocietyofJesus (SJ)
(#ယေဇူးအသင်း)#JesuitsMyanmar #ဂျက်ဇွစ်
#ယေဇူးအသင်းသမိုင်းအကျဥ်းချုပ်
The Society of Jesus (Jesuit) ယေဇူးအသင်း(ဂျစ်ဇွစ်အသင်းဂိုဏ်း) ကို စိန့်အီဂနေးရှပ်(စ်) (St. Ignatius of Loyola, SJ) ရဲ့ ဦးဆောင်မှုအောက်၌ စိန့်ဖရန်းစစ်ဇေးဗီးယား (St. Francis Xavier, SJ) နှင့် စိန့်ပီတာဖေးဗာ (St. Peter Faber, SJ) တို့ အပါအဝင် အပေါင်းအဖော် (၁၀) ဦးတို့က တည်ထောင်ထားခဲ့ကြသည်။ သူတို့နာမည်၏ အနောက်တွင် S.J, မှာ Society of Jesus ဂျက်ဇွစ် သို့မဟုတ် ယေဇူးအသင်းသားများ ဖြစ်ကြောင်း ဖော်ပြသည်။ ရောမမြို့ရှိ ပုပ်ရဟန်းမင်းကြီး ပေါလ် (တတိယမြောက်)က ၁၅၄၀-ခုနှစ်၊ စက်တင်ဘာလ ၂၇-ရက်နေ့တွင် စာချွန်တော် ထုတ်ပြန်ကာ ကတိသစ္စာဖြင့် ဆက်ကပ်သူများအသင်းကြီး တစ်ခုအဖြစ် ထိုနာမည်ကို တရားဝင် အသိအမှတ် ပြုပေးခဲ့ပါသည်။
ယေဇူးအသင်းသားများကို “ဂျက်ဇွစ်” Jesuit ဟူ၍ လူသိများသည်။ Jesuit ဟူသော အခေါ်အဝေါ်သည် လာတင်းဘာသာ စကားလုံးဖြစ်သည့် "Jesuta" မှ ဆင်းသက်လာခြင်းဖြစ်ပြီး ("Jesu" + "ita") ကို ပေါင်းစပ်ထားခြင်း ဖြစ်ကာ "Yes, Jesus" 'ဟုတ်ကဲ့ပါ၊ယေဇူး' ဟု အဓိပ္ပါယ်ရသည်။ ယခုအချိန်၌ အသင်းသားဦးရေ စုစုပေါင်း (၁၇၀၀၀)ပါး ဝန်းကျင်တို့သည် ကမ္ဘာ့တစ်ဝန်းလုံး၌ရှိသော နိုင်ငံပေါင်း (၁၁၂) နိုင်ငံတို့တွင် ဘုရားသခင်၏ အမှုတော်ကို ကိုယ်စီ ထမ်းဆောင်နေကြ ပါသည်။ ထိုအသင်းကို စတင် တည်ထောင်ချိန်ကတည်းက ဝိညာဉ်ရေး၊ ပညာသင်ကြားရေး၊ သာသနာအတွင်း အမှုတော်များနှင့် လူမှုတရားမျှတရေး တာဝန်များတွင် ပါဝင်လုပ်ဆောင်ခဲ့ကြပြီး စွန့်စားသာသနာပြုခဲ့ကြကာ ယခုအချိန်တွင် သူတော်စင် ရဟန္တာများနှင့် သန့်ရှင်းသူများအဖြစ် အသိအမှတ်ပြုခံရတဲ့ ဂျက်ဇွစ်ဦးရေ စုစုပေါင်း (၃၀၀) ပါးကျော်အထိ ရှိနေပြီး ဖြစ်ပါသည်။
#ရည်ရွယ်ချက်_ဆောင်ပုဒ်နှင့်_ဝိညာဥ်ရေးကျင့်စဥ်
#spirituality & #Chrism
လာတင်းဘာသာဖြင့် "AMDG," Ad Majorem Dei Gloriam ကို အင်္ဂလိပ်လို "for the greater glory of God," “လူအပေါင်းတို့၏ ကယ်တင်ခြင်းနှင့် ဘုရားသခင်၏ ဘုန်းဂုဏ်တော် ပိုမိုတိုးတက်စေရန်” ဟူသည့် အသင်း၏ ဆောင်ပုဒ်နှင့် အညီ ပုပ်ရဟန်းမင်းကြီး၏ လမ်းညွှန်မှုအောက်တွင် တာဝန်မျိုးစုံတို့ကို ကြိုးစားလုပ်ဆောင်နေကြပါသည်။ ထို့အပြင် အခြားထင်ရှားသည့် ဆောင်ပုဒ်များများ "Magis," "Men and Women for, and with others," "Cura Personalis," "United with mind, heart and soul," "Forming and Educating Agents of Change" စသည်ဖြင့် အမျိုးမျိုး ရှိပါသည်။ ထိုကျင့်စဥ်များကို "Spiritual Exercises of St. Ignatius of Loyola," အသင်းဂိုဏ်းကို တည်ထောင်ခဲ့သည့် လိုယိုလာမြို့သား စိန့်အီဂနေးရှပ်(စ်) ကိုယ်ကိုင်ရေးသားခဲ့သည့် ဝိညာဥ််ရေးဆိုင်ရာ လမ်းညွှန်စာအုပ်မှ ကောက်နှုတ်ထား ခြင်း ဖြစ်ပါသည်။ ဤစာအုပ်ကို ဂျက်ဇွစ်များသာမက အခြားအသင်းသားများ၊ ဥပုသ်စောင့်သူများနှင့် သာမန်ဘာသာတူများအကြား ဘုရားသခင်ကို နေရာတိုင်း၊ လုပ်ဆောင်မှုတိုင်းတွင် မြင်တွေ့လာစေသည့် အဓိကကျင့်စဥ်အဖြစ် ထိရောက်စွာ ကျင့်ကြံအားထုတ် နေကြပါသည်။ အသင်းဂိုဏ်းကို စတင်တည်ထောင်သည့်အချိန်မှ ယခုအချိန်အထိ အသင်းကို ရုံးချုပ်သည့်ရုံးမှာ ရောမမြို့တွင် တည်ရှိပြီး အသင်းတစ်ခုလုံး၏ လက်ရှိ အကြီးအကဲမှာ Superior General ဟုခေါ်သည့် ဗင်နီဇွဲလား နိုင်ငံသား ဖာသာရ် အာရ်တူးရိုဆိုးဆာ (Fr. Arturo Sosa, SJ) ဖြစ်ပါသည်။
#မြန်မာနိုင်ငံယေဇူးအသင်း၏သမိုင်းအကျဥ်းချုပ်
#ပထမအကြိမ်
၁၆-ရာစုတွင် ယေဇူးအသင်းသားများ မြန်မာပြည်သို့ ပထမဆုံး အကြိမ်အဖြစ် စတင်ရောက်ရှိခဲ့ကြပြီး ပေါ်တူဂီစစ်သားများကို ကြည့်ရှုပေးခဲ့ကြသည်။ ၁၅၄၈ ဇန်နဝါရီလ ၂၀ရက်နေ့စွဲဖြင့် မာလာကာတွင် သာသနာပြုနေသည့် စိန့်ဖရန်စစ်ဇေဗီးယားက သူ့အကြီးအကဲထံ ပဲခူးနိုင်ငံအတွက် (ထိုအချိန်က ပဲခူးသည် ကိုယ်ပိုင်မင်းဆက်ဖြင့် အုပ်ချုပ်နေခဲ့၏) သာသနာပြုတချို့ စေလွှတ်ပေးရန် တောင်းဆိုခဲ့သဖြင့် ၁၆-ရာစုအကုန်ပိုင်းတွင် ဂျက်ဇွစ်ဘုန်းတော်ကြီး နှစ်ပါးတစ်တွဲ၊ နှစ်ပါးတစ်တွဲဖြင့် လေးပါး ရောက်ရှိလာကြသည်။ ၁၇-စုရာအစပိုင်းတွင် အင်းဝသို့ နှစ်ပါးရောက်ရှိခဲ့ကြသည်။ ၁၅၉၅ခုနှစ်တွင် ဂျက်ဇွစ်ဘုန်းတော်ကြီး Fr. Boves နှင့် Fr. Fernandez တို့နှစ်ပါး သံလျင် သို့ရောက်လာ၍ ထိုမြို့တွင် မြန်မာနိုင်ငံတွင် ပထမဦးဆုံးဖြစ်မည့် ဘုရားကျောင်းတစ်ဆောင်ကို ဆောက်လုပ်ခဲ့ကြသည်။ နောက်နှစ်အနည်းငယ်အကြာတွင် ထိုဘုန်းတော်ကြီး နှစ်ပါး အိန္ဒိယသို့ ပြန်သွားကြပြီး နောက်ထပ် ဂျက်ဇွစ်ဘုန်းတော်ကြီး Fr. Manuel de Fonseca, S.J, နှင့် Fr. Diego Nunes, S.J, ရောက်ရှိလာခဲ့ကြသည်။ ၁၅၉၉ခုနှစ်တွင် တောင်ငူဘုရင်နှင့် ရခိုင်ဘုရင်တို့ ပူးပေါင်းကာ ပဲခူးကို တိုက်ခိုက်အောင်မြင်ရာ ရခိုင်ဘုရင်ဘက်မှ ဖိလစ်ဒီပရစ်တိုနှင့် သူ၏စစ်သားများ ပါဝင်တိုက်ခိုက်ခဲ့ကြသည်။ စစ်ပွဲနိုင်ပြီးနောက် ရခိုင်ဘုရင်က ဖိလစ်ဒီပရစ်တိုကို သံလျင်တွင် မိမိကိုယ်စာလှယ်အဖြစ် ထားသောအခါ ဖိလစ်ဒီပရစ်တိုသည် ရှင်ဘုရင်ကို သြဇာမခံဘဲ ထိုနယ်ကို အုပ်စိုးကာ သီးခြားမင်းပြုခဲ့သည်။
၁၆၀၃ခုနှစ် (မြန်မာသက္ကရာဇ် ၉၆၅) တွင် ဒေါမိနစ်ကင် ဘုန်းတော်ကြီး နှစ်ပါး သံလျင်သို့ ရောက်ရှိလာပြီး ထိုနှစ်ပါးထဲမှ Fr. Ferreyra, O.P, မှာ လှံချက်ဖြင့် အသတ်ခံရပြီး နောက်တစ်ပါး Fr. Gonsalso, O.P, အကြောင်းူ မသိရပေ။ Fr. ဂျက်ဇွစ်ဘုန်းတော်ကြီး Natalis Salerno, S.J, သည် ၁၆၀၄ ခုနှစ်တွင် သံလျင်သို့ ရောက်ရှိလာခဲ့သည်။ အင်းဝဘုရင်၊ မဟာဓမ္မရာဇာ (ခေါ်) အနောက်ဖက်လွန်မင်းသည် သံလျင်စုံဆင်းဝန်းရံ တိုက်ခိုက်အောင်မြင်ပြီး သစ္စာဖောက်သည့် ပေါ်တူဂီစစ်သား ဒီပ စ်တိုနှင့် နတ်သျှင်နောင် (ဆေးကြောခြင်းခံခဲ့သည်ဟုဆိုသူ) တို့ကို ကွပ်မျက်ခဲ့သည်။ ကျန်သော ပေါ်တူဂီစစ်သုံ့ပန်း (၅၀၀၀)ကို အင်းဝသို့ ခေါ်ဆောင်သွားခဲ့သည်။ သံလျှင်မှ အင်းဝသို့သွားသော လမိးခရီးတွင် အမျိုးမျိုး နှိပ်စက်ညှင်းဆဲကြသဖြင့် ဂျက်ဇွစ်ဘုန်းတော်ကြီး Fr. Diego Nunes, S.J, ပျံလွန်သွားခဲ့သည်။
ကက်သလစ်အသင်းတော်၏ ရာဇဝင်အရ သံလျင်မှ အင်းဝကိုပို့ ခံရသည့်အထဲတွင် အသက်ရှင် ကျန်ရစ်သော ဂျက်ဇွစ်ဘုန်းတော်ကြီး Fr. Manuel De Fonseca, S.J, တစ်ပါးတည်းဖြင့် ရွာပေါင်းရှစ်ရွာကို ဘုရားကျောင်း သုံးဆောင်ဆောက်လုပ်ကာ နှစ်ပေါင်းများစွာ ဘုရင်ဂျီဘာသာဝင်များကို ကြည့်ရှုစောင့်ရှောက်ကာ ဂျက်ဇွစ်အကြီးအကဲထံ စာရေးသဖြင့် ငယ်ရွယ်ဖျတ်လတ်သည့် ဘုန်းတော်ကြီး Fr. Denis Autunes, S.J, ထပ်ရောက်လာခဲ့သည်။ (ထိုအချိန်က ပေါ်တူဂီများနှင့် အိန္ဒိယ နိုင်ငံသား ကက်သလစ်များကို "ဘုရင်ဂျီ" ဟုခေါ််ရခြင်းမှာ 'Feringee, or foreign' စကားလုံးမှ ဖြစ်ပြီး "နိုင်ငံခြား၊ တိုင်းတစ်ပါး" ဟု အဓိပ္ပာယ်ရသည်)။
ထိုဘုန်းတော်ကြီးနှစ်ပါးသည် ရွာရှစ်ရွာဖြစ်သည့် အင်းဝ၊ နဘတ်၊ လယ်ယာတော်ရ၊ ချောင်းဦီး၊ တပရင်း-ကျွန်းတော၊ မုဆိုးဘို-ရွေဘို၊ အလံ-ဟံလင်း၊ ဆီကိမ်-သစ်ဆိမ့်နှင့် စဥ့်ကွင်း-စဥ့်ကူး တို့ကို ကြည့်ရှုစောင့်ရှောက် ခဲ့ကြသည်။ ငါးနှစ်ခန့်ကြာပြီးနောက် Fr. Denis Autunes, S.J, အိန္ဒိယသို့ ပြန်သွားခဲ့သည်။ နောက်ထပ် ဖရန်စစ်စကင်း ဘုန်းတော်ကြီး Fr. Francisco de Chagas, OFM ရောက်လာသော်လည်း ၁၆၄၈ခုနှစ်တွင် အင်းဝဘုရင်၏ နှင်ထုတ်ခြင်းကို ခံရသည်။ နောက်ဆုံးရောက်လာသည့် ဂျက်ဇွစ်ဘုန်းတော်ကြီးမှာ Fr. Simon Redrigues, S.J, (၁၆၅၂-၁၆၅၉) ဖြစ်သည်။ ထိုအချိန်တွင် နှစ်ပေါင်း (၃၉)ခန့် အမှုထမ်းပြီးအသက်အရွယ်ကြီးရင့်ပြီးသည် Fr. Manuel de Fonseca, S.J, အနားယူရန် အိန္ဒိယသို့ ပြန်သွားကာ အသက် (၇၂)တွင် ပျံလွန်တော်မှုသည်။ ထိုအချိန်အထိ ဂျက်ဇွစ်ဘုန်းတော်ကြီး စုစုပေါင်း (၁၀)ပါးအထိခဲ့ရှိပြီး နောက်ပိုင်းတွင် ဥရောပတွင် ဖြစ်ပွားခဲ့သည့် ဘာသာရေးနှင့် နိုင်ငံ ပြဿနာများကြောင့် ဂျက်ဇွစ်များ နောက်ထပ် မလာနိုင်တော့ချေ။ (အသေးစိတ် သိလိုပါက Fr. A ကိုလေး ရေးသားပြုစုထားသည့် "အင်းဝရောက် ခြေရာများ"နှင့် National Church History of Myanmar စာအုပ်ကို ဖတ်ရှုနိုင်ပါသည်)။
#ဒုတိယအကြိမ်
၁၉၅၈-ခုနှစ်တွင် အမေရိကန်နိုင်ငံ၊ မေရီလန်မှာ ဂျက်ဇွစ်သာသနာပြုများ (၈)ပါး ရောက်ရှိလာပြီး ရန်ကုန်မြို့ရှိ ကက်သလစ် ရဟန်းဖြစ်တက္ကသိုလ် စတင်တည်ထောင်ချိန်တွင် စာသင်လမ်းညွှန်ပေးခဲ့ကြသည်။ သို့သော် နောက်ပိုင်း စာသင်ကျောင်းများအားလုံး နိုင်ငံပိုင်အဖြစ် သိမ်းဆည်းခံ ခဲ့ကြရချိန်တွင် ထိုဂျက်ဇွစ်များသည်လည်း ၁၉၆၆ခုနှစ်တွင် နိုင်ငံအတွင်းမှ နှင်ထုတ်ခြင်း ခံခဲ့ကြရပါသည်။ ထိုအချိန်က ဂျက်ဇွစ်ဘုန်းတော်ကြီးများနှင့် ရဟန်းဖြစ်တက္ကသိုလ်တွင် စာသင်ယူနေခဲ့ကြသူ ဆရာတော် ဆိုတေးရိုဖားမော(ငြိမ်း)၊ ဆရာတော် မာတီးယာဦးရွှေ (ငြိမ်း)နှင့် ဆရာတော် ပေါလ်ဂရောင်(ကွယ်လွန်) တို့သည် ရောမမြို့သွားစဥ် ဂျက်ဇွစ်အကြီးအကဲနှင့် တွေ့ဆုံပြီး မြန်မာနိုင်ငံသို့ သာသနာပြုများစေလွှတ်ပေးရန် ဖိတ်ကြားခဲ့ကြသည်။
#တတိယအကြိမ်
ထိုဆရာတော်ကြီးများ၏ ဖိတ်ကြားချက်ကြောင့် ၁၉၉၈ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံမှ ဂျက်ဇွစ်သာသနာပြုများ (မြန်မာနိုင်ငံတွင် တတိယအကြိမ်​အဖြစ်) ရောက်ရှိလာကြပြီး ၁၉၉၉ ခုနှစ်၌ ဂျက်ဇွစ်နော်ဗီးရှိတ် (၂) နှစ်တာ အစပြုလေ့ကျင့်သင်ယူခြင်းကို စတင်ခဲ့ကြပါသည်။
#မြန်မာနိုင်ငံရှိဒေသခံယေဇူးအသင်းသားများ
ယခုအချိန်၌ မြန်မာဂျက်ဇွစ် မစ်ရှင်အတွင်း ဒေသခံ ရဟန်းဘုန်းတော်ကြီး (၇)ပါးနှင့် တစ်သက်ဘရာသာရ် (၄)ပါး အပါအဝင် အစပြုသူများ၊ Philosophy - ဒဿနိကဗေဒ (အင်ဒိုးရှားနိုင်ငံ၊ ဂျာကာတာ)နှင့် Theology - ဓမ္မပညာရပ် (ဖိလိပိုင်နိုင်ငံ၊ မနီလာနှင့် ရောမ)၌ ပညာသင်ယူနေသူများ၊ နိုင်ငံတကာမှ လာရောက်သော ဂျက်ဇွစ်သာသနာပြုများ အားလုံးစုစုပေါင်း (၄၉) ပါးရှိပြီး ရန်ကုန်၊ တောင်ကြီး၊ မြစ်ကြီးနားနှင့် ဗန်းမော်တို့တွင် အမှုတော်အသီးသီး ထမ်းဆောင်နေကြပါသည်။
#တမန်တော်လုပ်ငန်း (Apostolate Work)
ရန်ကုန်မြို့တွင်...
*Campion English Institute (ကန်ပီယံ အင်္ဂလိပ်စာသင်ကျောင်း)
*(MLI) ဟုအတိုကောက်ခေါ် သည့် Myanmar Leadership Institute (မြန်မာနိုင်ငံ၏ ပညာရေး၊ စီးပွားရေးကဏ္ဍများနှင့် လူမှုအဖွဲ့အစည်းများစသည့် နယ်ပယ်အသီးသီးတွင် ခေါင်းဆောင်ကောင်းများ ပေါ်ထွန်းလာစေရန် ပြင်ဆင်ပေးသည့် အဖွဲ့အစည်း ဖြစ်ပါသည်။
*(ARC); Arrupe Research Center
*(YLCC); Yangon Loyola Community College
*(IEA); Inigo Tuition Academy
တောင်ကြီးမြို့တွင်...
*Jesuit Candidacy Program
*Jesuit Novitiate Formation
*Retreat Center
*SAG: St. Aloysius Gonzaga English Higher Institue
ဗန်းမော်မြို့တွင်...
Nang Ling Parish နန့်လှိုင်သာသနာ
မြစ်ကြီးနားမြို့တွင်...
St. Luck Catechist College
#ယေဇူးအသင်းဝင်အတွက်ပြင်ဆင်
မြန်မာဒေသခံ ဂျက်ဇွစ်များအတွက် "Jesuit Formation" လက်ရှိပြင်ဆင်မှုအဆင့်ဆင့်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။
၁)။ - Candidacy Program လေ့လာသူ (၁ -၂ နှစ်)
၂)။ - Jesuit Novitiate နော်ဗီးရှိတ် (၂ နှစ်)
၃)။ - Philosophy နှင့် အခြားဘာသာစကား သင်ယူခြင်း (၄ နှစ်)
၄)။ - Regency လက်တွေ့တာဝန် ထမ်းဆောင်ခြင်း (၂-၃ နှစ်)
၅)။ - Theology သီသြော်လာ်ဂျီ- ဓမ္မပညာရပ် (၄ နှစ်)။
#မှတ်ချက် - တစ်သက်ဘရာသာရ်များအတွက် ပြင်ဆင်လေ့လာမှုများမှာ နောဗီးရှိတ်ပြီးသည်နှင့် ကွာခြားမှုရှိပြီး ရဟန်းဖြစ်ပြီးသူများအတွက်လည်း ထပ်ဆင့်လေ့လာသင်ယူမှုများရှိပါသည်။
ယေဇူးအသင်း အကြောင်းကို လေ့လာလိုပြီး ဂျက်ဇွစ် ဘရာသာရ်၊ ဘုန်းကြီးအနေဖြင့် ဘုရားအမှုတော်အတွက် တစ်သက်တာ ဆက်ကပ်လိုသူများအတွက် အောက်ပါလိပ်စာအတိုင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။
#ဆက်သွယ်ရန်
Fr. Wilbert Mireh, S.J
# 09782849202
e-mail: wilbertmireh@gmail.com
Fr. Stephen Martay, S.J
# 09423856531
e-mail: marthayster@gmail.com

#JesuitsMyanmar

Untitled Document
Total viewer: 345956